နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, November 22, 2013

အရေးကြီးတဲ့ဖိုင်တွေသိမ်းမယ်

 
  Freeware  လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။ သူငယ်ချင်းများအတွက် ကိုထွေး မတင်ပေးနိုင်ခဲ့တာကြာသွားခဲ့ပါတယ်။ ဒါကြောင့် ဘာကီးမှ ထည့်ပေးစရာမလိုတဲ့ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ်။
မိမိရဲ့ အရေးကြီးလျှို့ဝှက် ဖိုင်တွေ movies တွေ
Document တွေကို တခြားတပါးသူတွေ မမြင်နိုင်အောင် မဖွင့်နိုင်အောင် မယူနိုင်အောင်
                      password ပေးပြီး သိမ်းထားမယ်ဆို ဒီဆော့ဝဲလေးကအဆင်ပြေပါတယ်
                                          လိုအပ်တဲ့သူငယ်ချင်းများအောက်မှာဒေါင်းသွားလိုက်ပါ။

Monday, October 28, 2013

apk များဒေါင်းကြမယ်


Android ဖုန်းအတွက်လိုအပ်တာလေးတွေကို လိုက်ရှာပြီးဒေါင်းရတာမလွယ်ကူပါဘူးခင်ဗျာ။ ဒါကြောင့် လွယ်ကူအောင်Android ဖုန်းတွေအတွက် Applications 193မျိုးတင်ပေးလိုက်ပါတယ်။  ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ ဒေါင်းလုပ်လင့်ကျလာမှာဖြစ်ပါတယ်ခင်ဗျာ။
စိတ်ကြိုက်ရွေးပြီးဒေါင်းလို့ရပါတယ်။

Tuesday, September 3, 2013

Folder တွေကို Lock ချမယ်



ဒါလေးကတော့ မိမိအသုံးမပြုစေချင်တဲ့ ဖိုင်တွေ ဖိုလ်ဒါတွေကို
မိမိ ခွင့်ပြုချက်မရပဲ မိမိ သိမ်းထားတဲ့ Password မသိပဲ နဲ့ ဖွင့်မရအောင်
Lock ချပေးပါတယ်။

Thursday, August 29, 2013

ဝင်းဒိုးတင်ရအောင်


ကိုနောင်: window 7/xp တင်ပုံတင်နည်းအသေးစိတ်လေးပြောပြပေးပါလား။
 ဟုတ်ကဲ့ပါ ကိုနောင်ခင်ဗျာ။ ၀င်းဒိုးတင်ပုံ တင်နည်းကိုအသေးစိတ်ရေးပေးချင်ပေမယ့် ကိုထွေးအလုပ်တွေများနေတဲ့အတွက် ကိုယ်တိုင်မရေးနိုင်တာခွင့်လွှတ်ပေးပါခင်ဗျာ။
ရေးဖို့ဆိုရင်လည်း အချိန်တော်တော်ပေးမှရမှာပါ။ ဒါကြောင့်မို့ ကျွန်တော့်ဆီမှာ ရှိတဲ့ ၀င်းဒိုးတင်နည်းစာအုပ်လေးတွေကို တင်ပေးလိုက်ပါတယ်။ ကိုနောင် ဖတ်ကြည့်ပြီးတင်ကြည့်ပါ။ စာအုပ်ထဲမှာ ရှင်းပြထားတာတွေက အတော်ပြည့်စုံပါတယ်။ စာအုပ်လေးတွေကိုတော့အောက်မှာ ဒေါင်းသွားလိုက်ပါ။

Web Page ပေါ်ကစာတွေကို Copy လုပ်လို့ရအောင်


အောင်မျိုးသူ: အကို့ဆိုဒ်ကစာတွေကို ကော်ပီဆွဲပြီးတော့ သိမ်းထားချင်လို့ ဘယ်လိုလုပ်ရမလဲအကို။
ဟုတ်ကဲ့ပါ။ အောင်မျိုးသူမေးထားလေးကို ဖြေပေးပါ့မယ်။ အောင်မျိုးသူ Mozillafirefox ကို အသုံးပြုလိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ပထမဆုံး ဒီနေရာကို အရင်ဆုံးသွားလိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါ့မယ် ခင်ဗျာ။

Tuesday, August 20, 2013

အသံတည်းဖြတ်ရေးအတွက်အကောင်းဆုံး



 Steinberg Cubase 7.0 | 5.61 GB
With more musical features than ever, Cubase 7 delivers a truly unrivaled creative production experience. Sparkling with its entirely overhauled mixing console, a new Chord track alongside the innovative Chord Assistance, advanced VariAudio, more instrument content and an array of enhancements make Cubase 7

Monday, August 19, 2013

Desktopပေါ်က iconတွေတူနေရင်


Desktop ပေါ်က Icon တွေ ဘာပဲဖွင့် ဖွင့် Program တစ်ခုထဲကသာ လိုက်ပွင့်ပွင့်နေတဲ့ပြသနာကို ဖြေရှင်းကြည့်ရအောင်ပါ။ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။
ဒါပေမယ့်လွယ်လည်းလွယ်မဲ့နည်းလေးကို ကျွန်တော်တင်ပေးလိုက်ပါတယ်။
 အောက်မှာပေးထားတဲ့ဖိုင်းလေးကိုဒေါင်းပြီး Runပေးလိုက်ပါ။ ပြီးရင် Restart ချပေးလိုက်ပါ။

Sunday, August 18, 2013

ကွန်ပျူတာနဲ့သီချင်းဆိုရအောင်

522142_172720499551711_1520484001_n
ကွန်ပျူတာနဲ့ သီချင်းဆိုချင်တဲ့သူငယ်ချင်းတွေအတွက် karaoke software ပါ။ Siglos Karaoke Professional version-1.2.39/Window OS အတွက်ပါ ။ Record လုပ်လို့လည်းရပြီးတော့ စာသား ပါဝင်တဲ့ သီချင်းတွေအတွက် Lyric သီးသန့်ဖော်ပြပေးနိုင်ပါတယ် ။ တခြား Function တွေလည်း အများကြီးပါဝင်ပြီးတော့ အကောင်းဆုံး karaoke software တွေထဲက တစ်ခုဖြစ်ပါတယ်။

Thursday, August 1, 2013

Hard Disk တွေကို Partition ပိုင်းမယ်


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9_2M5l29Z_R_W6TbE-jEtSpxXQfMMnbIY3NG3wZYOTKujG0wFnvuOjTIFzQEcLDosw1Q3LoWdD3PnWh2EFEpzcoOzppdZlGnsmVfuZA3g5-5WOhGyuFljOrZo4x920kuwD0HDClqyRdM/s1600/3064b810f765.jpg
                    Hard Disk တွေကို Partition ပိုင်းချင်သူများအတွက် အသင့်တော်ဆုံး Software လေး
တစ်ခုမျှဝေပေးလိုက်ပါတယ်ဗျာ။ တော်တော်လေးကောင်းတဲ့ Software လေးပါ။ ကျွန်တော်ကိုယ်တိုင်
လည်းစမ်းသုံးကြည့်ဖူးပါတယ်။ Partition တွေကိုလိုသလို ပိုင်းလို့လည်းရတယ်။

Wednesday, July 31, 2013

ASUS N53SV အတွက် Driver

Drivers for notebook ASUS N53SV Driver လိုနေလို့ပါဆိုပြီးတောင်းလာတဲ့ သူငယ်ချင်းတစ်ယောက် အတွက်အောက်မှာလင့်ပေးထားပါတယ်ခင်ဗျာ။ နှိပ်ပြီးတော့ မိမိတင်ထားတဲ့ ၀င်းဒိုးနဲ့ကိုက်ညီသည့် Driver ကိုဒေါင်းယူနိုင်ပါတယ်။ အားလုံးအဆင်ပြေပါစေခင်ဗျာ။

samsung android ဖုန်းတွေမှာအီးမေး patten /lock ကျတာကိုပြင်မယ်



 samsunggalaxy ဖုန်းကို emailpatten/password ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာလေး ကိုပြောပြမှာဖြစ်ပါ့မယ်။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ပထမဆုံးအနေနဲ့  ဖုန်းကိုပါဝါပိတ်လိုက်ပါခင်ဗျာ။ ဖုန်းရဲ့ ဘက်ထရီကိုဖြုတ်လိုက်ပါ။ ဘက်ထရီကိုပြန်ထည့် ပြီး ဖုန်းကို ပါဝါခလုတ်ရယ် +အသံတိုးတဲ့ ခလုပ်-ရယ် +Home ခလုပ်ရယ်သုံးခုကိုပြိုင်တူတွဲနိပ်ပြီးဖွင့် လိုက်ပါ။  samsung galaxy  logo ပေါ်လိုက်ရင်လွတ်လိုက်ပါ ။

Win.rar Password ကိုဖြေရအောင်

ဒီနေ့ကျွန်တော်လိုက်ရှာနေတဲ့ Win.rar Password ဖြေဖို့Softwareကောင်းကောင်းလိုက်ရှာရင်းနဲ့ အွန်လိုင်းConvertလေးတစ်ခုတွေ့လို့မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းလည်းကောင်းပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းစမ်းသပ် ပြီးပါပြီ။အောက်ကနည်းလေးအတိုင်း စမ်းသပ်ပြီးလုပ်ကြည့်လိုက်ပါ။ လွယ်ပါတယ်ခင်ဗျာ။

Tuesday, July 30, 2013

Window ရဲ့ admin password ကိုဘယ်လို ပြန်ဖျက်မလဲ



နည်းတွေကတော့အများကြီးရှိပါတယ်။ အလွယ်ဆုံးနည်းလေးတစ်ခုကိုအရင်စပြောပြပါ့မယ်။ ဒီနည်းကတော့အကူ Software တစ်ခုလိုပါတယ်။ အဲဒီဆော့ဝဲလ်လေးကိုအောက်မှာဒေါင်းလိုက်ပါ။ ပြီးရင်အခွေဘမ်းလိုက်ပါ။ အောက်ကအဆင့်အတိုင်းဆက်လုပ်သွားပါ။

Topaz B&W Effects ( ဖိုတိုရှော့အတွက်)

 
Photoshop Plug In လေးတစ်ခုတင်ပေးလိုက်ပါတယ်။ သူကတော့ အဖြူနဲ့အမည်းကိုတိုက်ရိုက်ပြောင်းလို့ရပါတယ်။ Photoshop ကျွမ်းကျင်တဲ့သူများကတော့သူ့မပါလည်း အလွယ်ပြောင်းလို့ရပါတယ်။ ဒါကတော့ Photoshop မကျွမ်းသေးတဲ့ ညီလေး၊ ညီမလေးများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်။

Friday, July 19, 2013

မသုံးစေလိုသောsoftware များကိုပိတ်ဖို့

ကိုယ်မသုံးစေချင်တဲ့ Software တွေကိုပိတ်ထားချင်ဒီကောင်လေးကို အသုံးပြုလို့ရပါတယ်။
Application locker ကိုသုံးပြီးတော့လော့ချတဲ့နည်းပါ။


အာဇာနည်နေ့ သမိုင်းကြောင်း


 မြန်မာ့ သမိုင်းမှာ မမေ့သင့် မမေ့အပ်တဲ့  အာဇာနည်နေ့ အကြောင်းပါ... နည်းပညာနဲ့ မဆိုင်ပေမဲ့ (၆၆) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရော မနက်ဖြန် ကျရောက်မဲ့ အာဇာနည်နေ့ကို သတိတယနဲ့ အားလုံး အလေးပြု ဦးညွှတ်နိုင်ဖို့ တဆင့် ပြန်လည်မျှဝေပေးလိုက်တာပါ....။

Tuesday, July 2, 2013

KMP Player

KMP Player လေးပါ။
 အသုံးပြုချင်တဲ့သူငယ်ချင်းများအောက်မှာဒေါင်းသွားလိုက်ပါ။
အသံထွက်အား အရုပ်ထွက်အားအရမ်းကောင်းမွန်ပါတယ်။

StartIsBack 2.1.1 full with crack




ဒါလေးက Windows 8 အသုံးပြုသူများအတွက် အရင် Windows 7 ပုံစံမျိုး Start Menu ပုံစံလေးပြန်ဖော်ပေးနိုင်မယ် ကောင်လေးပါ။ ဟိုရှေ့မှာလည်းတင်ထားပြီးသားပါ။ ဒီကောင်လေးက ပိုကောင်းလို့ထပ်ပြီးတင်ပေးလိုက်တာပါ။(ကိုထွေးရဲ့စေတနာပါ)သူ့က Windows 7 မှာအသုံးပြုခဲ့တဲ့ Start Button အတိုင်း အပြည့်အဝ အသုံးချနိုင်အောင် ယခု Version မှာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Saturday, June 29, 2013

Joboshare DVD Creator


ဒါကတော့DVDခွေလေးတွေကိုMenuထည့်ပြီးနောက်ခံသီချင်းလေးတွေပုံလေးတွေ စာသားလေးတွေထည့်ပြီးDVDလုပ်ချင်တဲ့သူငယ်ချင်းတွေအတွက် အပျော်တန်းလွယ်လွယ်လုပ်နိုင်တဲ့ DVD Creator လေးကိုတင်ပေးလိုက်ပါတယ်။ Full Version ဖြစ်ဖို့အတွက် key maker ထည့်ပေးထားပါတယ်။

Uninstaller (Portable)


မိမိတို့ မလိုလားအပ်တဲ့ ဆော့ဝဲလ်တွေကို ရိုးရိုးတန်းတန်းဖြုတ်လို့မပြုတ်တဲ့အခါ အခုလို ဆော့ဝဲလ်လေးရဲ့အကူအညီနဲ့မှဖြုတ်လို့အဆင်ပြေပါတယ်။ သူနဲ့ဖြုတ်တဲ့အခါ errorကင်းကင်းနဲ့ပြုတ်သွားတာတွေ့ရပါတယ်။ Portable လေးဖြစ်တဲ့အတွက်သယ်သွားသယ်လာလုပ်လို့လည်းအဆင်ပြေတာပေါ့။

Thursday, June 27, 2013

အသောက ကွန်ပျူတာ အဘိဓာန်


ကွန်ပျူတာအသုံးပြုသူတိုင်း ဆောင်ထားသင့်တဲ့ အသောက ကွန်ပျူတာ အဘိဓာန် ကို တင်ပေးလိုက်ပါတယ်။ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ ကိုယ်မသိတဲ့ စကားလုံး အခေါ်အဝေါ် အသုံးအနှုန်းတွေ မြန်မာလိုရှင်းပြထားတဲ့  Portable Freeware Dictionary လေးတစ်ခု ဖြစ်ပါတယ်။ အသုံးပြုလိုတဲ့ သူငယ်ချင်းများအောက်မှာဒေါင်းသွားလိုက်ပါခင်ဗျာ။

Animation လေးတွေ အလွယ်တကူလုပ်မယ်

Animation ပုံလေးတွေကို အလွယ်တကူ ဖန်တီးပေးနိုင်တဲ့ Easy GIF Animator လေးကို တင်ပေးလိုက်ပါတယ်။ Animation ပုံလေးတွေ စာသားလေးတွေနဲ့ Icon ပုံးလေးတွေပေါ်မှာ စာသားအလှုပ်ကလေးတွေကိုပါ Effect လေးတွေသုံးပြီး ရေးလို့ရပါတယ်။ အသေးစိပ်သိလိုတဲ့သူငယချင်းများ Home Page ကို click ပြီး မူရင်းဆိုက်မှာ လေ့လာနိုင်ပြီး Full version ဖြစ်ဖို့အတွက် serial key ထည့်ပေးထားပါတယ်.. key ထည့်တဲ့အခါ internet ကိုဖြုတ်ထားပေးပါ။
 

Microsoft Word 2010 စာအုပ်


 Microsoft Word 2010 အသုံးပြုနည်း စာအုပ်လေးပါ။ အသုံးလိုနေတဲ့ သူများ အတွက်တော့ အဆင်ပြေမယ် ထင်ပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူသွားလိုက်ပါ။

Tango For Android


Tango အသုံးပြုပုံလေးနည်းနည်းပြောပြမယ်နော် (လေနည်းနည်းရှည်မယ်ဆိုတဲ့သဘော)


ဒီဆော့ဝဲလ်က Android ဖုန်းတွေမှာအသုံးပြုပါတယ်။ သူ့ကိုသုံးမယ်ဆိုရင် အင်တာနက်ရှိဖို့လိုမယ်နော်။ 
ပထမဆုံး မိမိအကောင့်အသစ်ဖွင့်ပြီးအသုံးပြုရပါ့မယ်။
Tangoသွင်းထားတဲ့ဖုန်းအချင်းချင်းဆိုရင်Message,Voice,VideoတွေကိုFreeပို့လို့ရပါတယ်ခင်ဗျာ။

ဒီလောက်ပါပဲနော်..လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းသွားလိုက်ပါ။

Shweyoe Dictionary Version 3 (မြန်မာဗားရှင်း)

4

မြန်မာတွေ Dictionary တွေထဲမှာ နံပတ် ( 1) အလန်းဆုံး ဖြစ်မယ့် Dictionary လို့ထင်ပါတယ်။  အင်္ဂလိပ် ၊ ရှရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာလို့
ပြောင်းလဲနိုင်ပါတယ်။ မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်။ ဖွဲ့စည်းမှုအသွင်အ
အပြင်လည်း သေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်

Desktop ဒီဇိုင်းဖန်းတီးရအောင်

 
Computer Desktop မှာရှိနေတဲ့ File တွေကိုကိုယ့်စိတ်ကြိုက် အစုလိုက်လေးထားလို့ရတဲ့ဆော့လ်ဝဲလ်လေးပါ။
ကိုယ့် Idea ပေါ်မူတည်ပြီးတော့ ဒီ Software လေးနဲ့ကိုယ် Computer Desktop လေး
ကို Design လှလှပပလေးပြင်ချင်တဲ့ သူငယ်ချင်းများအတွက်ပါရည်ရွယ်ပါတယ်။
ကျွန်တော့်ကွန်ပျူတာမှာလည်း ဒီဆော့ဝဲလ်လေးသုံးထားပါတယ်။ ကိုထွေးဘယ်လိုလုပ်ရလည်းမေးလာကြလို့ တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

Wednesday, June 26, 2013

Chess Game (Portable)

 
Chess ၀ါသနာပါသော သူငယ်ချင်းများအတွက်တင်ပေးလိုက်ပါတယ်။ Portable လေးဆိုတော့ဘယ်ကိုသယ်သွားသယ်သွား လွယ်ကူစွာဆော့လို့ရပါတယ်။ ကြိုးစားပြီးတင်ထားရတဲ့အတွက် လင့်ခ်လေးမသေခင်ဒေါင်းထားကြပါနော်။

Saturday, June 22, 2013

USB Secure လေးပါ

USB Secure 1.6.9 လေးပါ။ လိုအပ်တဲ့သူများကတော့ အောက်မှာဒေါင်းသွားလိုက်ပါ။

Thursday, June 20, 2013

Windows 8 အတွက် Start Button

 
 
Windows 8 မှာ Start Menu လုပ်ချင်သူများအတွက်ပါ။တစ်ချို့က windows8 ကိုသုံးချင်ကြပေမယ့် Start Button မပါလာလို့ ယောင်နေတက်ပါတယ်။ အဲဒီလို သူငယ်ချင်းများအတွက် အောက်မှာဒေါင်းလိုက်ပြီး စမ်းသုံးကြည့်လိုက်ပါနော်။

For Chatting ပုံလေများ



Facebook မှာ သူပေးထားတဲ့ပုံလေးတွေမဟုတ်ပဲ အသစ်ပုံလေးတွေနဲ့ချက်ချင်တယ်ဆိုတဲ့ သူငယ်ချင်းများအတွက်ပါ။

Friday, June 14, 2013

Acer Aspire 4750 Laptop For Windows 7 32 bit

 
Acer Aspire 4750 Laptop အတွက် Driver လိုအပ်နေသူများအတွက်တင်ပေးလိုက်ပါတယ်။ ၀င်းဒိုးတင်ပြီးလို့ အသံမရတာတို့၊ ဂိမ်းဆောဖို့ VGA လိုအပ်တို့ဆိုရင်အဆင်ပြေအောင် ဒေါင်းပြီး Install လုပ်ပေးလိုက်ပါ။

Tuesday, June 4, 2013

MAGIX Page & Layout Designer 2013



 Company ကြော်ငြာဒီဇိုင်းတွေ , Logo တွေ ,အခြားသော ကြော်ငြာဒီဇိုင်းတွေကို အကောင်းဆုံးနဲ့အလန်း
ဆုံးရေးဆွဲနိုင်မယ့် နာမည်ကြီး MAGIX Company ရဲ့ Design Software ဖြစ်ပါတယ်ခင်မျာ...Designer
များအဖို့အသုံးတည့်မယ်လို့မျှော်လင့်ပါတယ်..အသစ်ထွက်လာတာလေးတွေ့တဲ့အတွက် စမ်းသပ်အသုံး
ပြုလိုသူများ သုံးလို့ရအောင်တင်ပေးလိုက်ပါတယ်။

Friday, May 31, 2013

Ultraslideshow Flash Creator


ဓာတ်ပုံတွေကို Flash ပြုလုပ်ချင်သူများအတွက် အသုံးဝင်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ မိမိဖန်တီးထားတဲ့ Flash တွေကို CD/DVD အတွင်းမှာသာမက Website တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။


Monday, May 27, 2013

HTMLကိုအခြေခံလေးသိရအောင်ပါ

  Stock image of 'HTML code concept'

ဝက်ဘ်ဆိုက်စာမျက်နှာ (Web Pages)
(Web Pages) ၀က်ဘ်ဆိုက် စာမျက်နှာဆိုတာ စုစည်းမှတ်သားထားတဲ့ စာတွေကို သတ်မှတ်ထားတဲ့ tags ခေါ် codes များဖြင့် ပုံစံချရေးသားထားသော စာမျက်နှာကို အင်တာနက်ကွန်ယှက်ပေါ်မှာ အများဖတ်ရှုနိုင်ဖို့ ရေးသားတင်ပြထားတဲ့ စာမျက်နှာစုစည်းချက်တစ်ခု ဖြစ်ပါတယ်။ ဒီစာမျက်နှာတွေမှာ စာတွေတင်မက ပုံတွေ လှုပ်ရှားမှုပုံတွေ အသံတွေ

Advanced Video Compressor 2012


Video ဖိုင်ချုံ့ချင်သူတွေအတွက်ပါ။ Video တွေကိုချုံ့လိုက်ပြီဆို အရမ်းဝါးသွားတက်ပါတယ်။ ဒီဆော့ဝဲလ်လေးက မူလ ရုပ်ထွက်အရည်အသွေးမပျက်ဘဲ ချုံ့ချင်သူများအတွက် ကောင်းမွန်ပါတယ်။ စမ်းပြီး သုံးချင်တယ်ဆိုဒေါင်းသွားလိုက်ပါ။

Wednesday, May 22, 2013

FormatFactory 3

 Format Factory လေးက Free ဆိုပေမယ့် ဖိုင်ပြောင်းပေးတဲ့နေရာ အရမ်းကောင်းတဲ့ Software လေးတစ်ခုပါ။ ဖိုင်မျိုးစုံကို Software တစ်ခုတည်းနဲ့ မြန်မြန်ဆန်ဆန် ပြောင်းပေးနိုင်လို့ လူကြိုက်လည်းများပါတယ်။ လိုအပ်တဲ့သူငယ်ချင်းများကတော့အောက်မှာဒေါင်းသွားလိုက်ပါ။

Sunday, May 19, 2013

Gtalk ကိုအများကြီးဖွင့်မယ်


ကိုချင်း: ဆရာထွေးgtalkကိုနှစ်ကိုယ်ခွဲသုံးကိုယ်ခွဲလေးနည်းပညာလေးတင်ပေးပါဦး။
 ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ပါ...Gtalk ကို နှစ်ခု၊သုံးခု၊လေးခု ....စသည့်ဖြင့်ပွားလို့ရတဲ့နည်းလေးကို ပြောပြချင်ပါတယ်။ နည်းလေးကိုတော့ပြောပြပေးပါ့မယ်။ ဒါပေမယ့်..Gtalk ကိုအများကြီးဖွင့်ချက်တဲ့အခါ..မနိုင်ရင်တော့

Friday, May 17, 2013

Facebook မှာ Report နည်းလေး

 
Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။







ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။




အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။






I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)

It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်)

It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)

Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)



Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)

သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)

           * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)

           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)

           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)



Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)

            * Self-Harm

            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)

            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)

            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)

            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)



Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)

My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)



အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။


                                                                                  (ကိုဇော်သူရိန်ရေးသားသည်။)

နှစ်ကိုယ်ခွဲ ဓါတ်ပုံရိုက်ရအောင်


Twin Me ဆိုတဲ့ Android App လေးကတော့ Android Devices သုံးပြီး ဓါတ်ပုံရိုက်သူတွေအတွက် နှစ်ကိုယ်ခွဲပုံတွေရိုက်နိုင်မယ့် App လေးဖြစ်ပါတယ်။ Google Play မှာ ဒီ App ကို 1.99 ဒေါ်လာနဲ့ ရောင်းပါတယ်။ ကိုထွေးဆီမှာတော့ Free ပေါ့။ အသုံးပြုချင်တယ်ဆို အောက်မှာဒေါင်းသွားလိုက်ပါ။

Kaspersky Offline Update ပြုလုပ်နည်း


Kaspersky 2011 , 2012 , 2013 တို့ကို Offline Update ပြုလုပ်တဲ့နည်းကတော့ ပုံစံအတူတူပါဘဲ.. Kaspersky Offline Update တွေမှာ Autopatches , Bases , Index ဆိုပြီး အဓိက Folder ကြီး သုံးခုပါပါတယ်..အဲဒီသုံးခုကို
Folder အလွတ်တစ်ခုတည်းမှာ ပေါင်းထည့်ထားရမှာဖြစ်ပါတယ်။ ဖိုလ်ဒါကြီးသုံးခုကို ပေါင်းထည့်ထားတဲ့
Folder တစ်ခုကို Desktop ပေါ်မှာဖြစ်ဖြစ် ထားလိုက်ပါ။ Update လုပ်ရင် မိမိ Desktop ပေါ်မှာထားထားတဲ့
Folder ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်..ကဲ..အောက်က Update လုပ်နည်းနှစ်နည်းရှိပါတယ်။


 
===================================================================


ဒုတိယနည်းလမ်း



 
3. click on the update option
 4. Click run mode
 5. Click Run mode select Schedule on Manually Mode then click OK

6. Click Update Source.
7. Remove Kaspersky Lab update server source.
8. Click add button.
 9. Browse your update source. ( where your update file is )
10. Click Apply and ok.
 11. Now click Update button.
undefined

Twitter Delicious Facebook Digg Stumbleupon Favorites More